ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်း
များ
ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်း
များ အနက်ပြသနာတစ်ခုက memory ပါသူ့ 
ပြဿနာ ကလည်း
Blue death screen တက်လာပြီး
Fatal Exception Error ဖြစ်စေနိုင်တဲ့အကြောင်း
ရင်းတစ်ခုပါပဲ။ ဒီmemoryကြောင့်ဖြစ်တဲ့
ပြဿနာကလည်း အတော်များများကြုံတွေ့ရလေ့
ရှိပါတယ်။ fatal error ဆိုတာက Hardware နဲ့
ပါတ်သတ်ပြီးပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီ
ဆိုတာကိုညွှန်ပြခြင်းပါပဲ။
တစ်ခါတလေမှာ….လုံးဝသုံးမရတော့ဘဲ
အသစ်တစ်ခုအစားထိုးရတော့မယ်ဆိုတဲ့
အဓိပ္ပာယ်ပါ။
ဒါပေမယ့် memory ကြောင့်ဖြစ်တဲ့ Fatal error
ဆိုရင်တော့ chips အချင်းချင်း တွဲဖက်မညီတဲ့
အခါမျိုးမှာ လည်းဖြစ်တတ်ပါတယ်။
ဥပမာ - 70ns Ram နဲ့ 60ns Ram
နှစ်ချောင်းကိုတွဲစိုက်ထားမယ်ဆိုရင်ပိုနှေးတဲ့ 60ns
နဲ့ပဲ ကွန်ပျူတာက အလုပ်လုပ်မှာပါပဲ။အဲဒါကိုမှ
memory ကို overworked ဖြစ်စေတဲ့ Program
မျိုးကိုဖွင့်လိုက်တဲ့အခါမှာ၊Memory များများသုံးတဲ့
software တွေကိုသုံးလိုက်တဲ့အခါမျိုးမှာ
ကွန်ပျူတာက….Crash ဖြစ်သွားတော့တာပါပဲ။
သူမှာက 70ns Ram လည်းရှိနေတော့
အဲဒီအမြန်နှုန်းနဲ့ သုံးဖို့ကြိုးစားပါလေရော။
ဒါပေမယ့် 60ns Ram ကမလိုက်နိုင်တဲ့အခါ…
ထိုးရပ်သွားတော့တာပေါ့။
ကဲ……ဒီပြဿနာကို ဖြေရှင်းကြည့်ရအောင်။
ပထမနည်းလမ်းကတော့ BIOS setting မှာ Ram
ရဲ့ Wait state ကိုတိုးပေးထားလို့ရပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် memory ကိုပိုတည်ငြိမ်
စေပါတယ်။နောက်ထပ် နည်းလမ်းတစ်ခုကတော့
……..Motherboard ပေါ်က memory တွေကို
နေရာပြောင်းကြည့်ခြင်းပါပဲ။
memoryကိုဖြုတ်တဲ့နေရာမှာတစ်ခုသတိထားရမှာ
က၊ ကြေးပြားခြေထောက်အချောင်းလေးတွေကို
မထိ မိစေဖို့ပါပဲ။လူမှာရှိတဲ့ Static charge ကြောင့်
memory ကိုပျက်စီးစေနိုင်လို့ပါ။
အကောင်းဆုံးကတော့……
..မတူညီတဲ့ အမြန်နှုန်းနဲ့ Ram
နှစ်ခုပြိုင်တူထည့်မထားဖို့ပါပဲ။
ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ
အနက်အန္တရာယ်အကြီးဆုံး ပြဿနာက
အပူလွန်ကဲခြင်းပါပဲ။ Software ကိုသာမက
Hardwareကိုပါ
ပျက်စီးစေနိုင်တဲ့အတွက်ကွန်ပျူတာ
အတွင်းအပူလွန်ကဲခြင်းမဖြစ်အောင်အမြဲသတိပြု
သင့်ပါတယ် ကွန်ပျူတာအတွင်းမှာ
အလုပ်အများဆုံး လုပ်ဆောင်ရပြီး
အပူအများဆုံးထွက်တာ CPU များဖြစ်ပါတယ်။
ဒါကြောင့် CPU များမှာ အပူမလွန်ကဲအောင်
အအေးခံအတောင်များနဲ့ ပန်ကာများတပ်ဆင်
ထားပေးရ ပါတယ်။တကယ်လို့ CPU ပန်ကာမ
လည်တော့ပဲရပ်သွားမယ်ဆိုရင် CPUမှာ
အပူလွန်ကဲလာပြီး Kernel error တက်
လာပါလိမ့်မယ်။ ဒီလိုဆိုရင်ကွန်ပျူတာအတွင်းရှိ
ပန်ကာ များနဲ့ အအေးခံ စနစ်ကောင်းစွာ
အလုပ်လုပ်ခြင်းရှိမရှိကိုချက်ခြင်းစစ်ဆေးသင့်
ပါတယ်။Chipsetများကို ပုံမှန်လုပ်နိုင်တဲ့
စွမ်းဆောင်ရည်ထက် ပိုခိုင်းပြီး
Overclockingလုပ်တဲ့အခါမှာလည်း
အပူလွန်ကဲလာတတ်ပါတယ်။ ဒါကြောင့်
ကွန်ပျူတာပုံးမှာပြည့်စုံလုံလောက်တဲ့အအေးခံစနစ်
မရှိပဲ Overclocking မလုပ်သင့်ပါဘူး။
Overclocking လုပ်လိုက်လို့
မီးခိုးထွက်လာတဲ့အထိအပူလွန်ကဲတာကိုကြုံဖူးပါ
တယ်CPUကြောင့်ဖြစ်တဲ့ပြဿနာကို
BIOS setting မှာ CPU internal cache ကို
Disableလုပ်ထားခြင်းဖြင့်လည်းဖြေရှင်းနိုင်ပါတယ်
ဒီလိုလုပ်ခြင်းဟာ ကွန်ပျူတာ ကိုပိုနှေးသွားစေနိုင်
ပေမယ့်တည်ငြိမ်မှုပိုရစေနိုင်ပါတယ်။
ကွန်ပျူတာကို Crash
ဖြစ်စေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုက
Hard disk ကိုအသုံးပြုတာကြာ လာတဲ့အခါမှာ
Hard disk ပေါ်မှာ ဖိုင်တွေနေရာချထားတာရှုပ်
ထွေးလာပြီး မနိုင်ဝန်ပိကာ ကွန်ပျူတာ ထိုးရပ်သွား
စေတာပါပဲ။Hard disk fragmented ဖြစ်တယ်
ပေါ့ဗျာ။ ဒီလိုဆိုရင်တော့ ဖြေရှင်းဖို့ရာ နည်းလမ်း
များစွာ ရှိပါတယ်။အရိုးရှင်းဆုံးနည်းလမ်းကတော့
Start>Programs>Accessories>System
Tools> Disk Defragmenter ကနေDisk
Defragmenter ကိုဖွင့်ပြီး ဖိုင်တွေကိုအစီစဉ် တကျ
ပြန်စီခြင်းပါပဲ Defragment လုပ်နေစဉ်အတွင်းမှာ
Hard disk ပေါ်မှာ ဖိုင်တွေထပ်ရေးခြင်းမလုပ်သင့်
ပါဘူးဒါကြောင့် ကျနော်တို့အနေနဲ့ ကွန်ပျူတာကို
ဘာမှမသုံးတဲ့အချိန်မှာပဲDefragment လုပ်သင့်ပါ
တယ်။နောက်ထပ်သတိထားသင့်တာ တစ်ခုက
Antivirus program ကိုလည်း ပိတ်ထားပေးသင့်
ပါတယ်။ Hard disk မှာ ထည့်ထားတာ အရမ်းပြည့်
လာတဲ့အခါမှာလည်းအလုပ်လုပ်တာနှေးလာပြီး
system ကို crash ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့်
မလိုအပ်တော့တဲ့ဖိုင်တွေကို အပါတ်စဉ် ဒါမှမဟုတ်
လစဉ် ရှင်းထုတ်ပြီးHard disk မှာ နေရာလွတ်ရှိ
အောင်ဖန်တီးထားသင့်ပါတယ်။
Temporary files တွေကိုပုံမှန်ရှင်းထားပေးရင်ကို
နေရာလွတ်တော်တော် များများရနိုင်မှာပါ။
start>run>%temp% ဆိုရင် Temporary folder
ထဲရောက်သွားပါလိမ့်မယ်။ဖျက်သင့်တယ်ထင်တာ
ဖျက်ပစ်ပေါ့ဗျာ။အများစုက… software တစ်ခုတင်
တဲ့အချိန်၊ အသုံးပြုတဲ့အချိန်မှာ ဖန်တီးထားတဲ့ဖိုင်
တွေ ပါအတော် များများဖျက်လို့ရပါတယ်။
Recycle Bin ကိုလည်းရှင်းဖို့မမေ့ပါနဲ့ဦး။အမှိုက်ပုံး
သွန်ရတာ အလုပ်ရှုပ်လွန်းလို့ ကျွန်တော်ဆို…
ဘယ်တော့မှအမှိုက်ပုံးထဲကိုမပို့ဘူး……
Shift+delete နဲ့အပြီးရှင်း ထုတ်လိုက်တာပဲ။
ဒါပေမယ့်မဖျက်ခင် အသေအချာစဉ်းစားဖို့တော့
လိုတယ်လေ၊ နောင်တမရကြေးပေါ့ဗျာ Hard disk
နဲ့ပါတ်သတ်တဲ့ နောက်တစ်ခုက Hard disk မှာ
errors တွေ၊ bad sectors တွေရှိမရှိအနည်းဆုံး
တစ်လတစ် ခါလောက်တော့ scan လုပ်ပေးသင့်
ပါတယ်။
Start>All programs>Accessories>System
tools>Scan Disk
ကိုသွားပြီး လုပ်လို့ရပါတယ်။တခါတရံ မှာ အဲဒီ
Start Menu ထဲမှာ Scan Disk မပါဘဲဖြစ်နေတတ်
ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင်တော့
Start>Run မှာ chkdsk လို့ရိုက်ပေးလိုက်ပါ။
MS-DOS ကနေ Scan လုပ်ပေးပါလိမ့်မယ်။
ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ်စစ်ချင်တဲ့
Hard disk ရဲ့ Properties ကိုခေါ်ပြီး Tools tab
အောက်မှာ Error-checking ဆိုတဲ့ ခေါင်းစဉ်
အောက် က Check Now နဲ့စစ်လည်းဖြစ်ပါတယ်။
>>>>သတိပြုနိုင်ကြပါစေဗျာ<<<<
Posted via Blogaway
Sunday, February 26, 2017
ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ
Subscribe to:
Post Comments (Atom)
Microsoft Office 2019 v16.0 [Full Version] (x86x64) Office တွေကို အသုံးပြုသူများအတွက် Microsoft Office 2019 ဗားရှင်းအသစ်ထွက်လေးကို တင်...
-
 Yangon Bus Service ================ ခရီးသွားပြည်သူများအဆင်ပြေသွားလာနိုင်ရန် စေတနာဖြင့်ကူညီပေးခြင်းဖြစ်ပါသည် ။ **********************...
-
Telenor SIM Card အဝင် Call ပိတ်ပြီး Internet ပဲသုံးချင်သူများ အတွက်တင်ပေးလိုက်ပါတယ်
-
ယာဉ်မောင်းလိုင်စင် ရေးဖြေမှာမေးတဲ့ မေးခွန်းပုံစံ တွေကို လေ့လာနိုင်ရန် တင်ပေးလိုက်ပါတယ်။ " ခ " လိုင်စင် ရေးဖြေမေးခွန်း " ဃ ...
No comments:
Post a Comment