Friday, April 28, 2017

Computer speed မြန်စေရန် နည်းလမ်း



Computer speed မြန်စေရန် နည်းလမ်း
.
.

၁။ Computer ဖွင့်လိုက်ပြီး သူ Boot တက်ပါတယ်။

(အမှန်တော့ Boot ကလည်းတက်တာပဲ။ တက်ကလည်း

တက်တာပဲ ဖြစ်ပေမယ့် ဒီလိုပဲ စကားအရ Boot

တက်တယ်လို့ဆိုခြင်းပါ။ Computer စဖွင့်လိုက်ရင်

သတ်မှတ်ထားတဲ့ ပရိုဂရမ်တွေ စ Run ခြင်းဖြစ်ပါတယ်။)

အဲဒါမျိုးဖွင့်ပြီးရင် Boot အချိန်မပြည့်သေးပဲ သုံးချင်လှတဲ့

G Talk တွေ၊ Browser တွေ၊ ဆော့ဖ်ဝဲတွေ သွားဖွင့်တဲ့

အလေ့အထက မိမိ Computer တာ လုပ်ဆောင်ချက်ကို

နှေးကွေး စေပါတယ်။


၂။ Applcation တစ်ခုသုံးပြီး ပိတ်လိုက်တိုင်း Desktop

ကို Refresh လုပ်ပေးဖို့ လိုပါတယ်။ သူက RAM ကို

Refresh လုပ်ပေးတာပါ။ မဟုတ်ရင် unused file တွေ

ကျန်နေတတ်တဲ့အတွက် လုပ်ဆေင်ချက် နှေးစေ ပါတယ်။

ဒီတော့ Program တွေကို တစ်ခုသုံးပြီးတိုင်း မလိုအပ်ရင်

ပိတ်လိုက်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှလည်း

Memory usage သက်သာမှာ ဖြစ်ပါတယ်။


၃။ အရွယ်ကြီးလွန်းတဲ့ Wallpaper များကို Desktop

Background တင်တာ လည်းရှောင်သင့်ပါတယ်။ 64MB

ထက်များတဲ့ အရွယ်အစား တွေကိုပါ။ သူက လည်း RAM

မှာနေရာယူတဲ့အတွက် ဖွင့်လိုက်တာနဲ့ကို CPU utilize နှုန်း

တက်နေစေပါတယ်။


၎။ Desktop ပေါ်မှာ short cut များမလိုရင် မတင်ပါနဲ့။

လိုအပ်တာတွေ လောက်ပဲ၊ အရေးကြီး သုံးဖြစ်တာလောက်ပဲ

တင်သ့င် ပါတယ်။ Short Cut တစ်ခုတိုင်းဆီက RAM မှာ

500 byte ပမာဏ သုံးစွဲ ပါတယ်။ ဒါကြောင့်မို့ လုပ်ဆောင်

ချက် နှေးစေပါတယ်။


၅။ Recycle Bin ကို ပုံမှန် empty ဖြစ်အောင် ရှင်းပေးပါ။

file တွေကို ဖြတ် လိုက်ပေမယ့် အမှန်တော့ သူတို့က မပျက်

သေးပါဘူး။ အသေးငယ်ဆုံး Byte ပမာဏ ဖြစ်အောင်

Compress လုပ်ပြီး Recycle Bin ခေါင်းစဉ်အောက်မှာ

အစုအဖွဲ့တစ်ခုအနေနဲ့ သွားရှိနေစေပါတယ်။ ဒါကြောင့်

သူ့ကိုသာ ပုံမှန် မရှင်း ပေးရင် စက်ကိုလေးစေ၊နှေးကွေး စေပါ

တယ်။


၆။ အင်တာနက် temporary file, history တွေကို

ဖြတ်ပေးပါ။ ဒါလည်း အရေးကြီးပါတယ်။ အင်တာနက်သုံးလို့

ကျန်တဲ့ Cache တွေ၊ Cookie တွေ၊ (Cookie) ဆိုလို့

စားရတဲ့ ကွတ်ကီးကိုဆိုလိုခြင်းမဟုတ်ပါဘူး။ ဝဘ်ဆိုဒ်မှာ မှတ်

သားပြီးချန်ခဲ့တဲ့ အချက်အလက်၊ အရာ သဘောမျိုးပါ။ သူတို့ကို

သာ ပုံမှန်မဖြတ်ပေးရင်လည်း Browser application

ကိုသာမက Computer System တစ်ခုလုံးရဲ့  လုပ်

ဆောင်ချက်ကို နှေးကွေး စေပါတယ်။


၇။ Startup Program များ လျော့ပါ။

Startup program ဆိုတာဒီလိုပါ။ Computer ကို

စဖွင့်လိုက်တာနဲ့ တက်လာစေမယ့် Application များ ဖြစ်ပါ

တယ်။ အထူးသဖြင့် Antivirus software တို့၊ G Talk

တို့၊ Skype, Dropbox အစရှိသဖြင့်တို့ကို Startup

မှာတစ်ခါတည်း တက်လာစေဖို့ Default အနေနဲ့ ပေးထား

တတ်ကြပါတယ်။ ဒီတော့ ဖြုတ်ထားလေ ကောင်းလေပါတယ်။

တစ်ခါတစ်လေ မသုံးဖြစ်ပဲ ထားတဲ့ဟာတွေဆိုရင် RAM

အလကား စားပြီး System ကိုနှေးကွေး စေပါတယ်။

Window မှာ Startup တွေဖြုတ်ချင်ရင်

Command + R နှိပ်ပြီး msconfig ကိုနှိပ်လို့ လိုရာရွေး

နိုင်ပါတယ်။


အကြံပေးချက်

ကျနော်တို့ Computer တွေ စက်က ဟန်းသွားရင်၊ ဘာမှနှိပ်

လို့မရရင် အများစု လုပ်ဖြစ်ကြတာက ပါဝါပိတ်ပြီး ပြန်ဖွင့်တာ

မျိုးပါ။ သူက RAM ကို လုံးဝ power supply ဖြတ်

တောက်ပြီး Start ပြန်လုပ်တာဖြစ် တဲ့အတွက် ပြဿနာ

ဖြေရှင်းပြီးသွားပြီလို့ ထင်ရပေမယ့် နောက်ပိုင်း ပါဝါ မတက်တဲ့

ပြဿနာမျိုးတွေ ကြုံတတ်ပါတယ်။ အတွင်းက Diode တွေ

ပျက်ဆီးသွားခြင်းပါ။ ဒီတော့ စက်က ဟန်းသွားရင်၊ ဘာမှ

လုပ်လို့ မရ ဖြစ်သွားရင် ၅ မိနစ်မှ ၁၀ မိနစ်ကြားတော့

အနည်းဆုံး စောင့်သင့်ပါတယ်။ ဒါမှ မထူးခြားဘူးဆိုမှ ပိတ်

နိုင်ပါတယ်။


ပြီးတော့ Task Manager ဖွင့်ပြီး Force နဲ့

Application ကို End Process လုပ်တာကလည်း

ဖြေရှင်းနည်းတစ်မျိုးပါ။ သူက System တစ်ခုလုံးကို

Effect မဖြစ်သေးချိန်မှာ အသုံးပြုလို့ရပါတယ်။ System

တစ်ခုလုံးကို Effect ဖြစ်သွားရင် Task Manager

ဖွင့်ဖို့နေနေသာသာ Arrow key တောင် ရွေ့ မရ

ဖြစ်သွားပါတယ်။


ဒီတော့ Third Party Software လည်းသုံးတတ်ဖို့လို

အပ်ပါတယ်။ သိပ် အများကြီး သုံးဖို့ မလိုပါဘူး။ အမှိုက်သရိုက်

ရှင်းဖို့အတွက် C Cleaner တို့လို ဆော့ဖ်ဝဲ၊ အန္တရယ်ရှိ

ဆော့ဖ်ဝဲတွေကို ထောက်လှမ်း တားဆီး ပေးမယ်၊ နှိပ်နှင်းပေး

မယ့် Antivirus ပရိုဂရမ် တစ်ခု ဒီလောက်ဆိုရင် လုံလောက်

ပါပြီ။ အဲဒါကို တစ်ခု မက ထည့်ထားလွန်းရင်လည်း စက်ကို

ဟန်းလေး၊ လေးစေ၊ နှေးစေ ပါတယ်။


ဒီလောက်ဆိုရင် မိမိကွန်ပြူတာကို ဘယ်လိုပြုစု အသုံးပြုရမယ်

ဆိုတာကို အခြေခံအားဖြင့် သိပြီလို့မျှော်လင့် ပါတယ်။


                                   ကျေးဇူးတင်ပါတယ်


No comments:

Post a Comment


Microsoft Office 2019 v16.0 [Full Version] (x86x64) Office တွေကို အသုံးပြုသူများအတွက် Microsoft Office 2019 ဗားရှင်းအသစ်ထွက်လေးကို တင်...