♪ Windows Computer ကို Factory Reset ပြုလုပ်နိုင်မယ့် နည်း (၄) နည်း ♫
သင့်ကွန်ပျူတာ လေးလံလာလို့ ဖြစ်ဖြစ်၊ Virus ကူးစက်လို့
ဖြစ်ဖြစ် ၊ ဖြေရှင်းမရတဲ့ Error ဖြစ်လို့ပဲ ဖြစ်ဖြစ် မူလအခြေ
အနေ ကို ပြန်ရောက်ရှိဖို့ အမြန်ဆုံး နဲ့ အလွယ်ဆုံး နည်းက
စက်ရုံထုတ်အနေအထား အတိုင်း ပြန်ဖြစ်သွားအောင် ပြုလုပ်
တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Factory Reset
ချတာဖြစ်ပါတယ်။ စမတ်ဖုန်းများ မှာ Factory Reset
ချနိုင်တဲ့ စွမ်းဆောင်ချက် ကို ထည့်သွင်းပေးထားပါတယ်။
Windows Computer မှာလည်း Factory Reset
ချနိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။
Recovery Partitiion ကို အသုံးပြုပါ။
-----------------------
နောက်ပိုင်းထုတ် ကွန်ပျူတာများ မှာ Operating System
ကို ကြိုတင်ထည့်သွင်းပေးထားပြီး Recovery Partition
ပါရှိကြပါတယ်။ Recovery Partition ကို အသုံးပြုပြီး
ဝင်းဒိုး ကွန်ပျူတာ ကို စက်ရုံထုတ်အခြေအနေ အတိုင်း
ပြန်ဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။ ကွန်ပျူတာ မှာ
Recovery Partition ပါမပါ သိနိုင်ဖို့ My Computer
ပေါ်မှာ Right Click နှိပ်ပြီး Manage ကိုနှိပ်ပါ။
Computer Management Window ပေါ်လာရင်
ဘယ်ဘယ် Side Bar မှာ ရှိတဲ့ Storage အောက်က
Disk Management ကိုနှိပ်ပါ။ အဲဒီမှာ Partition
အားလုံး ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Recovery Partition ရဲ့ အရွယ်အစား မှာ 8GB ကနေ
20GB ၀န်းကျင်ရှိတတ်ပါတယ်။ အဲဒီအရွယ်အစား ရှိတဲ့
Partitioin ကိုတွေ့ရင် Recovery Partition
ပါရှိတယ်လို့ ယူဆလို့ရပါတယ်။
Recovery Partition ကို အသုံးပြုပြီး ကွန်ပျူတာ ကို
Factory Reset ချဖို့အတွက် အရင်ဆုံး ကွန်ပျူတာ ကို
ပိတ်ပါ။ Power Button ကိုနှိပ်ပြီးတာနဲ့ ကွန်ပျူတာ အမျိုး
အစားအလိုက် အောက်ဖော်ပြပါ ခလုတ်များ ကို နှိပ်ရမှာ ဖြစ်ပါ
တယ်။
o Acer – Alt + F10
o Asus – F9
o Dell/Alienware – F8
o HP – F11
o Lenovo – F11
o MSI – F3
o Samsung – F4
o Sony – F10
o Toshiba – 0
( ကီးဘုတ် အပေါ်ထိပ်က Zero Key ကိုနှိပ်ရမှာ ဖြစ်ပါ
တယ်။ Numpad မှ Zero Key ကိုနှိပိရမှာ မဟုတ်ပါ။)
ကွန်ပျူတာ အမျိုးအစား အလိုက် သက်ဆိုင်ရာ ခလုတ်များ ကို
နှိပ်ရင် Recovery Partition ကို အသုံးပြုလို့ရပါပြီ။
ပြီးရင် ညွှန်ကြားချက် အတိုင်းဆက်လက်ပြုလုပ်ပါ။
Program တစ်ခု ကို အင်စတော လုပ်ရင် တွေ့မြင်ရတဲ့
Wizard များလိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကွန်ပျူတာ
တစ်လုံး နဲ့ တစ်လုံး ပြုလုပ်ပုံခြင်း မတူညီပေမယ့် ခက်ခဲမှု မရှိဘဲ
လွယ်ကူပါတယ်။
Recovery Installer က Factory Reset ချပြီးတာနဲ့
သင့်ကွန်ပျူတာ ဟာ စက်ရုံထုတ် အခြေအနေ ကို ပြန်လည်
ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
Recovery Discs ကို အသုံးပြုပါ။
--------------------
သင့်ကွန်ပျူတာ မှာ Recovery Partition မပါရှိရင်
Recovery Disc ကို အသုံးပြုနိုင်ပါတယ်။ Operating
System ကို ကြိုတင်ထည့်သွင်းထားတဲ့ ကွန်ပျူတာများ မှာ
Recovery Disc ပါရှိတတ်ကြပါတယ်။
Recovery Disc များဟာ CD or DVD
အချပ်များဖြစ်ပြီး သင့်ကွန်ပျူတာ ကို Factory Reset
ချပေးနိုင်ပါတယ်။
Recovery Disc ကို အသုံးပြုရတာ Recovery
Partition ကို အသုံးပြုပုံ နဲ့ တူညီပါတယ်။ ဒါပေမယ့်
Recovery Partition ကို Boot တက်ရမှာ မဟုတ်ဘဲ
BIOS Settings ထဲမှ Boot Order မှာ
CD or DVD ကို ပြောင်းလဲပြီး Boot တက်ရမှာ
ဖြစ်ပါတယ်။ BIOS Settings ထဲ ၀င်နည်းက ကွန်ပျူတာ
တစ်လုံး နဲ့ တစ်လုံး မတူပါ။ Power ဖွင့်ပြီးရင် ပေါ်လာတဲ့
ကီး ကိုနှိပ်ပေးရမှာ ဖြစ်ပါတယ်။
သင့် ကွန်ပျူတာ မှာ Recovery Disc မပါရှိရင် လည်း
ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။ ၀င်းဒိုး မှာ Recovery Disc
or Drive ပြုလုပ်ပေးနိုင်တဲ့ စွမ်းဆောင်ချက် ပါရှိပါတယ်။
ကွန်ပျူတာ ပြဿနာများ မဖြစ်မီမှာ Recovery Disc or
Drive များ ပြုလုပ်ထားသင့်ပါတယ်။တစ်ချို့ ထုတ်လုပ်သူများ
က Recovery Disc များပြုလုပ်ဖို့ အတွက် Program
များ ထည့်သွင်းပေးထားတတ်ပါတယ်။ Recovery Disc
ပြုလုပ်ထားခြင်း အားဖြင့် Recovery Partition
များကိုဖျက်ပစ်နိုင်ပြီး ကွန်ပျူတာ မှာ နေရာလွတ်များ ရရှိနိုင်ပါ
တယ်။
Windows 8 ရဲ့ Refresh or Reset ကို အသုံးပြုပါ။
-------------------------------
Windows 8 ကစပြီး ကွန်ပျူတာ ကို Refresh နဲ့
Reset လုပ်နိုင်တဲ့ စွမ်းဆောင်ချက်များ ကို ထည့်သွင်းပေး
ထားပါတယ်။ အဲဒီစွမ်းဆောင်ချက်များ က အပေါ်ကနည်းများ
ထက် ပိုမိုလွယ်ကူ လျှင်မြန်စွာ ကွန်ပျူတာ ကို Factory
Reset ပြုလုပ်ပေးနိုင်ပါတယ်။
Refresh လုပ်တယ်ဆိုတာက ကိုယ်ပိုင် ဒေတာများ နဲ့
Metro Apps များကို သိမ်းပေးထားမှာ ဖြစ်ပေမယ့် အခြား
Apps အားလုံး ကို ဖျက်ပစ်မှာ ဖြစ်ပါတယ်။
Reset လုပ်ရင် ကိုယ်ပိုင်ဒေတာများ အပါအ၀င် Metro
App နဲ့ အခြား App အားလုံး ကို ဖျက်ပစ်မှာ ဖြစ်ပါတယ်။
ကွန်ပျူတာ ကို စက်ရုံထုတ် အခြေအနေ ရောက်အောင် ပြုလုပ်
မှာ ဖြစ်ပါတယ်။ ကွန်ပျူတာ ကို အခြားသူ ကို ရောင်းတော့မယ်
ဆိုရင် Reset လုပ်သင့်ပါတယ်။ Reset လုပ်ရင် ၀င်းဒိုး ကို
ပြန်ပြီး အင်စတော လုပ်ပေးမှာ ဖြစ်ပေမယ့် ကိုယ်ရေးကိုယ်တာ
သတင်းအချက်အလက်များ နဲ့ Programs အားလုံး ကို
ဖျက်ပေးမှာပါ။
Refresh or Reset လုပ်ဖို့အတွက်
Windows Key + C ကိုနှိပ်ပြီး Charm Bar ကိုဖွင့်ပါ။
Settings > Change PC Settings ကိုနှိပ်ပါ။
General ကဏ္ဍ မှာ Refresh or Reset
ပြုလုပ်နိုင်ပါတယ်။
သင့် Windows 8 ကွန်ပျူတာဟာ လုံးဝ Boot မတက်နိုင်
တော့ရင် လည်း Refresh or Reset ကို အသုံးပြုနိုင်ပါ
တယ်။ဒီလိုအနေအထားမှာ Windows 8 Installation
CD/DVD ကို ထည့်ပြီး Repair ကိုနှိပ်ပါ။ဒါဆိုရင်
Refresh or Reset ကို အသုံးပြုနိုင်ပါပြီ။
ဝင်းဒိုး ကို Reinstall ပြုလုပ်ပါ။
------------------
သင့်ကွန်ပျူတာ မှာ Recovery Partition or
Recovery Disc များမပါရှိဘူးဆိုရင် ဒါမှမဟုတ်
Windows 8 ကို အသုံးပြုတာမဟုတ်ရင် နည်းလမ်းဟောင်း
ကိုအသုံးပြုပြီး ကွန်ပြူတာ ကို Factory Reset ချနိုင်ပါ
တယ်။ ၀င်းဒိုး ကို Clean Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ဒီလိုလုပ်ဖို့ ၀င်းဒိုး အခွေ ကို စက်ထဲထည့် ပြီး CD or DVD
ကနေ Boot တက်ရမှာ ဖြစ်ပါတယ်။ Custom or
Upgrade ရွေးရမယ့်နေရာမှာ Custom ကိုရွေးပြီး
Clean Install လုပ်ရမှာပါ။
စမတ်ဖုန်းများ မှာသာမကဘဲ ကွန်ပျူတာ မှာပါ Factory
Reset လုပ်နိုင်တယ်ဆိုတာ စာဖတ်သူ သိရှိပါပြီ။
သင့်ကွန်ပျူတာ မှာ ပြဿနာများ ကြုံတွေ့ရတဲ့အခါ ၊ Virus
ကူးစက်တဲ့ အခါများ မှာ အပေါ်ကနည်းလမ်းများကို အသုံးပြုပြီး
ကွန်ပျူတာ ကို Factory Reset ပြုလုပ်နိုင်ပါတယ်။
Monday, May 15, 2017
Windows Computer ကို Factory Reset ပြုလုပ်နိုင်မယ့် နည်း (၄) နည်း
Subscribe to:
Post Comments (Atom)
Microsoft Office 2019 v16.0 [Full Version] (x86x64) Office တွေကို အသုံးပြုသူများအတွက် Microsoft Office 2019 ဗားရှင်းအသစ်ထွက်လေးကို တင်...
-
 Yangon Bus Service ================ ခရီးသွားပြည်သူများအဆင်ပြေသွားလာနိုင်ရန် စေတနာဖြင့်ကူညီပေးခြင်းဖြစ်ပါသည် ။ **********************...
-
ယာဉ်မောင်းလိုင်စင် ရေးဖြေမှာမေးတဲ့ မေးခွန်းပုံစံ တွေကို လေ့လာနိုင်ရန် တင်ပေးလိုက်ပါတယ်။ " ခ " လိုင်စင် ရေးဖြေမေးခွန်း " ဃ ...
-
Telenor SIM Card အဝင် Call ပိတ်ပြီး Internet ပဲသုံးချင်သူများ အတွက်တင်ပေးလိုက်ပါတယ်
No comments:
Post a Comment