Wednesday, June 21, 2017

Window ထဲမှာပါတဲ့ System Restore အသုံးပြုကြည့်ကြအောင်

Window ထဲမှာပါတဲ့ System Restore အသုံးပြုကြည့်ကြအောင်

ကျွန်ပျူတာ လေးလံလာတယ်၊ Window လေးလာတယ်၊ အကြောင်းအမျိုးမျိုး Error တွေ
ဖြစ်ပေါ်လာတဲ့အခါ Progr ams တွေဖွင့်မရတဲ့အခါ System Restore အသုံးပြုခြင်း
အားဖြင့် တစ်ခါတရံမှာ ဖြေရှင်းပေးနိုင်ပါတယ်။
နည်းလမ်း (၁)
ကွန်ပျူတာ Search Box မှ System Restore လို့ရိုက်ပြီး၊ ၀င်ရောက်နိုင်ပါတယ်။
နည်းလမ်း (၂)
1. My computer ကို Right ပေးပြီး၊ Properties ကို Clickပါ။
System Tool Box ပေါ်လာပါလိမ့်မယ်။
2. အဲမှာ ဘယ်ဘယ် ခြမ်းမှာ System Protection ကို Click ပါ။
3. Box ပေါ်လာပါက System Restore တစ်ချက် Click ပြီး၊
4. အောက်ပါ နံပါတ် (6) အဆင့်ကို ရောက်ပါလိမ့်မယ်။ အဆင့်ဆင့်လုပ်ဆောင်လိုက်ပါ။
နည်းလမ်း (၃)
(ဒီနည်းလမ်းကတော့ စက်လုံးဝမတက်တဲ့အခါ ၀င်တဲ့နည်းလေးတစ်ခုပါ)
1. ကွန်ပျူတာကို Restart ချပါ။ Keyboar မှ F8 ကို အဆက်မပြတ်နှိပ်ပါ။
2. Advance Boot Options ကို ပေါ်လာပါလိမ့်မယ်။
3. အဲမှာ Repair Your Computer ကို ရွေးချယ်ပြီး၊ Enter ခေါက်ပါ။
4. System Restore စာသားလေးကို Keyboard က Arrow Key လေးသုံးပြီး၊
ရွေးပေးလိုက်ပါ။
5. Window is Loading File လုပ်ပါလိမ့်မယ်။ ခဏစောင့်လိုက်ပါ။
6. Restore System File and Setting Box ပေါ်လာပါလိမ့်မယ်။
7. အောက်ဆုံး Choose a different restore point ကို Click ပြီး၊ Next ကို နှိပ်ပါ။
8. Box ကျလာပါက အောက်ဆုံး Show More Restore Point ကိုအမှတ်ခြစ်ပေးလိုက်ပါ။
9. ပြဿနာမဖြစ်ခင် နောက်ဆုံးရက် အချိန်လေးကို Select ပေးပြီး၊ Next ကို Click ပါ။
10. Box ပေါ်လာပါက Finish ကို Click ပါ။ မိနစ်အနည်းငယ်ခန့်ကြာပါလိမ့်မယ်။
11. အောင်မြင်တယ်ဆိုရင် System Restore Complete ပေါ်လာလိမ့်မယ်။ Close ကို နှိပ်လိုက်ပါ။
12. မအောင်မြင်ဘူးဆိုရင် One Started, System Restore cannot be interrupted. Do you want to continue ကို ပေါ်လာပါလိမ့်မယ်။ အဲဒီအခါ မတူတဲ့နေ့ရက်တွေကို
ရွေးချယ်ပြီး၊ ပြုလုပ်ကြည့်ပါ။

မှတ်ချက် ။ ။ တကယ်လို့သင့်ကွန်ပျူတာမှာ System Restore Point တွေဖန်တီး
ထားခြင်းမရှိဘူးဆိုရင် ဒီနည်းလမ်းကို အသုံးပြုလို့ရမှာမဟုတ်ပါဘူး။

လေးစားစွာဖြင့်


No comments:

Post a Comment


Microsoft Office 2019 v16.0 [Full Version] (x86x64) Office တွေကို အသုံးပြုသူများအတွက် Microsoft Office 2019 ဗားရှင်းအသစ်ထွက်လေးကို တင်...