Thursday, August 10, 2017

CD/DVD ပျောက်သွားရင် ပြန်ဖော်နည်း

CD/DVD ပျောက်သွားရင် ပြန်ဖော်နည်း
===========================

ကိုယ့်ကွန်ပျူတာမှာ အကြောင်းတစ်ခုခုကြောင့်cd/dvd drive ပျောက်သွားခဲ့ရင် Registryကနေ အောက်ပါအတိုင်း ပြန်ဖော်လိုက်ပါ
Run boxမှာ regedit လို့ရိုက်ပြီး Okနှိပ်လိုက်ပါ ပီးရင် HKEY-LOCAL-MACHINE>System>CurrentCon trolSet>Control>Class>{4D36E965-E325-11CE-BFC1-08002BE10318}ပေါ်ကလစ်တစ်ချက်နှိပ်ပြီး ညာ ဘက်Panelမှာရှိတဲ့ UpperFiltersနဲ့ LowerFiltersဆိုတဲ့ ဖိုင်တွေကို Right click>Delete နှိပ်ပြီး Restart ချလိုက်ပါ windows ပြန်တက်လာရင် CD/DVD Drive ပြန်ပေါ်နေပါလိမ့်မယ်
CD/DVD Drive ပျောက်ရခြင်း အကြောင်းတွေထဲက သေချာတာတစ်ခုကတော့ Video Editing Software တစ်ခုဖြစ်တဲ့ ShowBiz Software Runပြီးရင် သေချာပေါက်ပျောက်ပါတယ် ကျွန်တော်ဖြစ်တုန်းကဆို အထက်ကပြောခဲ့တဲ့နည်းလမ်းကို မသိသေးဘူးဆိုတော့ Windowsပြန်တင်လိုက်ရတော့တာပါ့
အခုအကြောင်းတိုက်ဆိုင်လာလို့ CD/DVD Driveမပျောက် အောင် ShowBiz Run နည်း ပြောပြလိုက်မယ်
နည်းလမ်း === ShowBiz Software ရဲ့ Setupပေါ် Right click>Properties>Compatibility> Compatibility modeအောက်က Run this program in compatibility mode for ရှေ့မှာ အမှန်ခြစ်ထည့် ပီးရင် အဲ့အောက်မှာ Windows XP (Service Pack2)ကိုရွေး Apply>Okနှိပ်ပြီး ShowBiz ကို Runလိုက်ပါ


No comments:

Post a Comment


Microsoft Office 2019 v16.0 [Full Version] (x86x64) Office တွေကို အသုံးပြုသူများအတွက် Microsoft Office 2019 ဗားရှင်းအသစ်ထွက်လေးကို တင်...