Sunday, September 4, 2016

http နဲ့ https ရဲ့အဓိကကွာခြားချက်များ

http နဲ့ https ရဲ့အဓိကကွာခြားချက်များ

http ဆိုတာ ဘာလဲ ?

http ဆိုတာ web browser နဲ့ web

server ကြား web Page တွေကို

request / response လုပ်ပေးတဲ့

Protocol တစ်ခုပါ။

http ရဲ့ နာမည်အပြည့်အစုံကတော့

Hypertext Transfer Protocol ပါ။


http ရဲ့ အဓိက

အားနည်းချက်ကဘာလဲ ?

http ရဲ့ အဓိက အားနည်းချက်ကတော့

Data တွေကို Application Layer မှာ

Operate လုပ်တဲ့ အချက်ပါပဲ။ Encrypt

လုပ်မထားတဲ့ အတွက် Hacker တွေ

အနေနဲ့ အချက်အလက်တွေကို နဂိုမူလ

အတိုင်း ရယူသွားနိုင်မှာ ဖြစ်ပါတယ်။


https ဆိုတာ ဘာလဲ ?

https ဆိုတာကတော့ secure http ကို

ဆိုလိုတာဖြစ်ပါတယ်။


ဘယ် port no တွေ သုံးကြလဲ ?

http က port 80 ကို သုံးတယ်။

https ကတော့ port 443

ကိုအသုံးပြုပါတယ်။


ဘာအတွက် https ကို သုံးကြသလဲ ?

https ဟာ secure http ဖြစ်တဲ့ အတွက်

Data တွေကို Client နဲ့ Server ကြားမှာ

encrypt လုပ်ပေးမယ့် system တစ်ခုကို

ဖြတ်ကျော်သွားပြီးမှ ပေးပို့ဖို့ ၊ ပြန်လည်

လက်ခံရယူဖို့

အသုံးပြုကြတာဖြစ်ပါတယ်။ 


https ရဲ့ အဓိက အားသာချက်

https အသုံးပြုခြင်း ရဲ့ အဓိက

အားသာချက်ကတော့ Data တွေဟာ

Encrypt လုပ်ထားတာ ဖြစ်တဲ့ အတွက်

လုံခြုံစိတ်ချမှု အပြည့်အ၀ ရရှိစေနိုင်မှာ

ဖြစ်ပါတယ်။

Data တွေ အားလုံးဟာ Encryption

Layer ကို ဖြတ်ကျော်ရတာ ဖြစ်တဲ့အ

တွက် User တွေရဲ့ သတင်း အချက်အ

လက် လုံခြုံမှုအတွက် အပြည့်အဝ

ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။


https ရဲ့ Encryption Layer အကြောင်း

Encryption Layer မှာလည်း နှစ်မျိုးခွဲခြား

ပါသေးတယ်။


၁. Transport Layer Security (TLS)

၂. Secure Sockets Layer (SSL)  ဆိုပြီး

ခွဲထားတာ တွေ့ ရပါတယ်။


TLS ရော ၊ SSL နှစ်မျိုးစလုံး ဟာ Data

တွေကို encode လုပ်ပြီးမှသာ Client နဲ့

Server ဆီကို အပြန်အလှန် ပို့ဆောင်ပေး

ပါတယ်။


https က ဘယ်လို အလုပ်လုပ်တာလဲ ?


https အလုပ်လုပ်ပုံကတော့ server

ဘက်မှနေ၍အရင်ဦးဆုံး သူ support

လုပ်တဲ့ encryption နည်းတွေကို client

ဆီပို့လွှတ်ပါတယ်။

အဲ့ဒီနောက် client ကနေ အသုံးပြုမယ့်

encryption နည်းလမ်း ကို

လက်ခံရရှိပြီးနောက် server ဆီသို့

ပြန်လည် ပို့လွှတ်၍ clients နဲ့ server

ကြားမှာ အသုံးပြုမယ့် certificate တစ်ခု

ကို တည်ဆောက်လိုက်တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ encryptလုပ်ထားတဲ့

Data တွေကိုအပြန်အလှန်ပို့ပြီးတဲ့အခါ

မှာconnectionကိုဖြတ်တောက်လိုက်ပါ

တယ်။ Client နဲ့Serverနှစ်ဖက်စလုံးဟာ

Decrypt လုပ်ဖို့အတွက်ကို တူညီတဲ့ key

တစ်ခုကိုသာ အသုံးပြုကြပါတယ်။


No comments:

Post a Comment


Microsoft Office 2019 v16.0 [Full Version] (x86x64) Office တွေကို အသုံးပြုသူများအတွက် Microsoft Office 2019 ဗားရှင်းအသစ်ထွက်လေးကို တင်...