Thursday, September 1, 2016
Pokemon Go ခုမှစဆော့သော Beginners များသိသင့်သည့်အချက်များ
Pokemon Go
===========
ခုမှစဆော့သော Beginners များသိသင့်သည့်
Level 1 မှ 20 အထိ ရရှိသော ဆုများနှင့် Pokemon Go
နှင့် ပတ်သတ်သော Tips များ
(1) Pokeball
=========
ရိုးရိုး Ball ဖြစ်ပါတယ် ။ ကိုယ့်အနေနဲ့ CP နည်းနည်းနဲ့ ကိုယ် ဖမ်းလို့ လွယ်မယ်လို့ ထင်ရင် Pokeball သုံးပီးပဲဖမ်းလိုက်ပါ ။
ကုန်သွားရင် Pokestops တွေဆီကနေပြန်ဖြည့်လို့ ရပါတယ်။
(2) Great Ball
==========
Pokeball ထက်အဆင်မြင့် တဲ့ Ball ဖြစ်ပါတယ် ။ CP မြင့်တဲ့ အကောင်ကို ပဲ Great Ball သုံးပြီးဖမ်းရမယ်လို့ အတိအကျ မရှိပါဘူး ။ တချို့ အကောင်တွေက အရမ်း Wild ပါတယ် ။
အဲ့လိုအခါမျိုးကျ Great Ball သုံးပြီးဖမ်းပါ။ Great Ball လဲ Pokestops တွေဆီကနေပြန်ဖြည့်လို့ ရပါတယ် ။
(3) Ultra Ball
==========
Pokeball ထက်ရော Great Ball ထက်ရော အဆင့်မြင့်ပါတယ် ။ CP ??? ပြနေတဲ့အကောင်ရော CP 600 အထက် အကောင်တွေကိုရော Ultra Ball သုံးပြီးဖမ်းသင့်ပါတယ် ။
Level 20 ရောက်တာနဲ့ စရမှာဖြစ်ပါတယ် ။ သူလဲပဲ Pokestops တွေဆီကနေ ပြန်ဖြည့်နိုင်ပါတယ် ။
(4) Potion
========
Potion ကတော့ 20 HP ပြန်ဖြည့်ပေးပါတယ် ။ Gym Battle မှာတိုက်ခိုက်ရင်းသွေးကုန်သွားတဲ့ Pokemon အကောင်လေးတွေအတွက်သုံးရပါ
တယ် ။ Pokestops တွေဆီကပဲသွားယူပါကိုယ့်မှာ
ရှိတာသုံးလို့ ကုန်သွားရင် ပေါ့ ။
(5) Super Potion
============
Super Potion ကတော့50HPပြန်ဖြည့်ပေးပါ
တယ်။
HP အရမ်းများတဲ့အကောင်လေးတွေသွေးကုန်ရင် ရိုးရိုး  Potion ထက် Super Potionကိုပဲသုံးသင့်
ပါတယ် ။ Pokestopsတွေဆီကနေပြန်ရနိုင်
ပါတယ်။
(6) Hyper Potion
============
Level 15 ရောက်မှစရမှာဖြစ်ပြီး200HP ထိဖြည့်
ပေးတဲ့ အမြင့်ဆုံး Potion ဖြစ်ပါတယ် ။ မိမိအကောင်တွေရဲ့ HP အနေအထားကိုမှန်းဆပြီး
Hyper Potion ကိုသုံးပါ ။ သူလဲ
Pokestops တွေဆီကနေရနိုင်ပါသေးတယ် ။
(7) Revive
========
အရမ်းအရေးပါ ပါတယ် ။ အပေါ်မှာ ကျွန်တော် ဖော်ပြထားတဲ့
Potion , Super potion နဲ့ Hyper Potion တွေဟာ
Pokemon ကောင်လေးတွေကိုသွေးပဲပြန်ဖြည့်ပေး
နိုင်တာပါ။ မိမိ Pokemon ကောင်လေးဟာ Gym Battle ဆိုင်ရင်းသေသွားခဲ့ရင် အရင်ဆုံး Revive သုံးပီးအသက်ပြန်သွင်းရမှာဖြစ်ပါတယ် ။ Revive ကတစ်ခါသုံးရင် Pokemonတစ်ကောင်ကိုသွေးတစ်ဝက်
ထိဖြည့်ပြီး အသက်ပြန်သွင်းပေးပါတယ် ။
ကျန်တဲ့တစ်ဝက်ကိုတော့ သင့်တော်မယ့် Potion တွေကိုရွေးပြီးဖြည့်ပေးရမှာဖြစ်ပါတယ် ။ Pokestops တွေဆီကနေ Revive ကိုရနိုင်ပါတယ် ။
(8) Razz Berry
===========
ဒီ Berryကတော့ထွေထွေထူးထူးတော့မဟုတ်ပါဘူး ။ အပြင်လောက ထဲကအတိုင်းပါပဲခွေးလေးကြောင်
လေးတွေ ခိုလေးတွေတောင်ကိုယ်ကအစာကျွေး
ရင် ကိုယ့်ကိုခင်မင်တတ်သွားပါတယ် ။
ခုလဲ ဒီ Razz Berry ကို သူငယ်ချင်းတို့ ဖမ်းမယ့်
Pokemon ကောင်လေးကိုကျွေးလိုက်မယ်ဆိုရင်
ဖမ်းရခက်နေပေမယ့် သူဟာ နဲနဲလေးယဉ်ပါးသွား
မှာဖြစ်ပါတယ် ။ အ့လို ခဏလေး ယဉ်ပါးသွားတဲ့အ
ခါမှာ အမိအရ ဖမ်းလိုက်ပါ ။ တအားဖမ်းရခက်နေ
ရင်Berry သီးကျွေးပီးGreat Ball နဲ့ ပစ်ဖမ်းရင် မိပါ
တယ် ။ Razz Berry တွေသုံးလို့ ကုန်သွားရင် Pokestops တွေဆီကပြန်ရနိုင်ပါတယ် ။
(9) Incense
=========
Incense သုံးခြင်းဖြင့် ကိုယ်ကဘယ်မှမသွားပဲရပ်
နေမယ်ဆိုရင် ( ဥပမာ အိပ်ယာထဲမှာဆော့မယ်ဆို
ရင် ကိုယ်ရဲ့ Pocket Monster ဥလေးတွေကို
ငါးမိနစ်တစ်ကြိမ်အကောင်ဖောက်ပေးမှာဖြစ်ပါတယ် ) ကိုယ်က Incense သုံးပြီး ရပ်မနေဘဲ
လျှောက်သွားမယ်ဆိုရင်လဲ ကိုယ်သွားမယ့် မီတာ
( ဥပမာ ၂၀၀ မီတာ အတွင်းဆို မိနစ်တိုင်းမှာလိုလို တစ်ကာင်ပြီးတစ်ကောင် ပေါ်လာမှာပါ )
(10) Gym
=======
Tips for Gym in Pokémon Go 👑
==========================
Gym က ကစားသူရဲ့ Level 5 ရောက်ပြီးဆို Gym ဝင်လို့ ရ ပါပြီး ။
အသင်း (၃) သင်းရွေးခိုင်းပါလိမ့်မယ် Gym ဝင်ဝင်
ချင်းမှာ။
ကြိုက်နှစ်သက်ရာ အသင်းကိုရွေးပါ ။
အသင်း (၃) သင်းကတော့
(1) Valor                             
(2) Mystic                          
(3) Instic
တို့ ပဲဖြစ်ပါတယ် ။
NOTE : တစ်ခါပဲရွေးချယ်ခွင့်ရှိပါတယ် ။ အသင်းမကြိုက်လို့ ပြန်ပြောင်းလို့ မရပါဘူး ။
ရပါတယ် လူမပြည့် သေးဘူးဆိုရင်ပေါ့ ။
ကိုယ်ထဲ့ထားတဲ့အကောင်က Gym ခေါင် ကမ
ထုတ်မချင်း ရှိနေမှာပါ။
Gym Level 3 ဆို အကောင် (၃) ကောင် ဆန့် ပါတယ် ။
Gym Level 6 ဆို အကောင် (၆) ကောင် ဆန့် ပါတယ် ။
ကိုယ် ဝင်တဲ့ Gym က Level 3 ရောက်နေပေမယ့် 2 ကောင် တည်းပဲရှိသေးရင် ကိုယ့်အကောင်
ထပ်ထဲ့လို့ ရပါတယ် ။ တစ်ကောင်ပဲထဲ့ခွင့်ရှိမှာပါ ။
ကိုယ့် Pokemon ကောင်လေးတွေကိုလဲ တိုက်ခိုက်ရေး ကောင်းဖို့ Gym မှာ လိုက် Fight
သင့်ပါတယ် ။
ကိုယ့်သူငယ်ချင်းတွေနဲ့ အတူ ဝင် Fight လို့ လဲရပါတယ် ။
3 to 3 ယှဉ် Fight လို့ တစ်ယောက်ချင်းစီ ကို အပြတ်နိုင် တာနဲ့ Gym ဟာ 2,000 Points ဆုံးရှုံမှာဖြစ်ပါတယ် ။
Gym က 0 point ရောက်ပီဆိုရင်တော့ အဲ့ Gym ကို မိမိတို့ ပိုင်ပြီဖြစ်ပါတယ် ။
Gym ပိုင်တာနဲ့ Poke Coins တွေကို ဝယ်စရာမလိုပဲအလကားရမှာဖြစ်ပါတယ် 😁 ။
ဒါ Gym ရဲ့သဘောတရားကိုပြောပြပေးတာပါ ။
Pokémon Go မှာ Gym ရုံ ဘလိုရှာမလဲ ?
Pokemon Go မှာ GPS ကောင်းကောင်းမိဖို့ လိုပါတယ်။သင့်ဖုန်းမှ GPS စနစ်ကိုအသုံးပြုတာမို့  လို့ ပါ။ သင့်ဖုန်းသာ GPS ကကောင်းမွန်စွာအလုပ်လုပ်နေမယ်ဆိုရင် Gym ရုံတွေကို ထင်ရှားစွာ Map ပေါ်မှာမြင်နေရမှာပါ
Gym Icon တွေက Pokemon Go Map ပေါ်မှာ အကြီး
ဆုံး Icon တွေဖြစ်လို့ ပါပဲ ။ တကယ်လို့ များ မတွေ့ သေး
ရင် ဂိမ်းကိုပြန်ထွက်ပြီး Recent ကနေရှင်းပါ ။ GPS / Location ကို On လိုက် Off လိုက် On လိုက်လုပ်ပြီး
ဂိမ်းထဲပြန်ဝင်ကြည့်ပါ ။ Gym ရုံက ရှည်လျားတယ် အရောင်စုံဖြာထွက်နေပါမယ် ဘေးက Effect တွေက
Activity မျိုးစုံနဲ့ လှည့်ပတ်ထားပါလိမ့်မယ် ။
Pokemon Gym ရုံထဲ ဘလိုဝင်ရမလဲ ?
သူများနိုင်ငံမှာတော့ Chruch ကျောင်းတွေ မီးရထားဘူ
တာရူံတွေအနီးအနားမှာ Gym ရုံတွေတအားပေါပါတယ်
သင်သာ Level 5 ရောက်နေပီဆိုရင် မြေပုံပေါ်မှာ ပေါ် နေတဲ့ Gym ကိုသွားပြီး အလွယ်တကူဝင်လို့ 
ရမှာပါ ။
တခြားထွေထွေထူးထူး လုပ်စရာမလိုပါဘူး ။ Level 5  မရောက်သေးပဲတော့ ဝင်လို့ ရမှာမဟုတ်ပါဘူး ။
ဒါနဲ့  ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့
ဗိုလ်ချုပ်ပန်းခြံနဲ့ လှည်းတန်း စင်တာ နားမှာ
Gym ရုံတွေကော Pokemonအကောင်လေးတေ
ွကောပေါပါတယ် ။
Gym ထဲရောက်ရင် ဘာလုပ်ရမှာလဲ ?
သင်ဟာ Gym ရုံကို ပထမဆုံးအကြိမ်စဝင်တာဆိုရင်
သင့်ကို အသင်း (၃) သင်းအကြောင်းမိတ်ဆက်ပါလိမ့်
မယ် ။ သင့်ရဲ့ရွေးချယ်မှုအတိုင်း သင့် အသင်းရဲ့ ကစားပုံကိုလေ့လာရပါလိမ့်မယ် ။ဟို ဘက် အသင်းကလူရဲ့ Pokemon အကောင်လေးတွေရဲ့ CP နဲ့ သင့်ဆီမှာရှိတဲ့ ပိုကီမွန် ကောင်လေးတွေရဲ့
အနီးစပ်ဆုံး ယှဉ်နိုင်မယ့် CP ချင်းတူတဲ့
အကောင်ချင်း ယှဉ်ပြီးတိုက်ခိုက်ရမှာပါ ။
ပြီးတော့သတိထားရမှာကအသင်းကိုသေချာစွာရွေးပါတစ်ခါရွေးပြီးတာနဲ့ ပုံသေဖြစ်သွားပါပြီ
Team ကိုပြန်ချိန်းလို့ မရတော့ပါဘူး ။
Level 20 နောက်ပိုင်းကိုတော့ ထပ်တင်ပေးသွားပါမယ် ။
တခြား Tips တွေအများကြီးရှိပါသေးတယ် ။ ဒါပေမယ့် ခု ဖော်ပြထားတဲ့ ဟာတွေကတော့ ခုမှ
စဆော့တဲ့ Beginner တွေအတွက် မသိမဖြစ်လို
အပ်ပါတယ် ။
အဆင်ပြေကြပါစေ
                         Ye' Htut ( နည်းပညာလေ့လာသူ )
No comments:
Post a Comment
Microsoft Office 2019 v16.0 [Full Version] (x86x64) Office တွေကို အသုံးပြုသူများအတွက် Microsoft Office 2019 ဗားရှင်းအသစ်ထွက်လေးကို တင်...