Monday, March 13, 2017

Android Phone Recovery Mode အကြောင်း



Android Phone Recovery Mode အကြောင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄


1 – Recovery Mode ဆိုတာ ဘာလဲ။

2 – Recovery Mode ဘယ်နှစ်မျိုး ရှိသလဲ။

3 – Recovery Mode မှာ ဘာ Function တွေ ပါ

သလဲ။

4 – Recovery Mode မှာ ပါတဲ့ Function တွေက

ဘာတွေ အသုံးဝင်ပြီး ဘယ်လို အလုပ် လုပ်သလဲ။


( 1 ) Recovery Mode ဆိုတာ ဘာလဲ။

Recovery Mode = ပြန်လည်ပြင်ဆင်ရန်

နည်းလမ်း

Recovery Mode ဆိုတာ Android Phone

ထုတ်လုပ်သူတွေက User တွေအနေနဲ့ Mobile

ကိုအသုံးပြုရင်း လေးလာခြင်း ၊ ဟန်း ခြင်း ၊

System Appliction များ ပျောက်သွားခြင်း or

Has stop ပြနေခြင်း ၊ Virus ၀င်ခြင်းများ စသဖြင့်

တစ်စုံတစ်ရာ Error ကြုံလာပါက စက်ရုံထုတ်

နဂိုအခြေနေအတိုင်း Mobile ကို ပြန်လည်

ရောက်ရှိစေခြင်းကို အသုံးပြုနိုင်ရန် တစ်နည်း

အမှားအယွင်းများကို ပြန်လည်ပြင်ဆင်ရန်

နည်းလမ်းကို Recovery Mode ဟု ခေါ်ပါသည် ။


( 2 ) Recovery Mode ဘယ်နှစ်မျိုး ရှိသလဲ။

Recovery Mode (၂) မျိုးရှိပါတယ် ။

1 – Android System Recovery (or)

Stock recovery ( or ) Official Recovery

2 – Clock work Mode ( CWM ) recovery (or)

Custom recovery ဟူ၍ နှစ်မျိုး ရှိပါတယ်…။

1 – Android System Recovery (or)

Stock recovery ( or ) Official Recovery

Official Recovery ကေတာ့ Android Phone

တော်တော်များများမှာ ဖုန်းစတင်ထုတ်လုပ်က

တည်းက ပါလာတာများပါတယ် ။ တချို့

Clone Phone တွေဆို Recovery Mode

Function မပါဝင်ပါဘူး ။

2 – Clock work Mode ( CWM ) recovery (or)

Custom recovery

Custom Recovery ကေတာ့ Developer နဲ့

အခြားပညာရှင်များမှ မိမိတို့ စိတ်ကြိုက် သုံးရလွယ်

အောင် Official ထက် Function ပိုစုံအောင် ပြင်

ဆင်ထားသော Partition တစ်နည်းအားဖြင့်

Custom Recovery ပါ ။ သူကေတာ့ Official

Recovery ထက် အားသာချက်တွေ များပါတယ် ။


( 3 ) Recovery Mode မှာဘာ Function တွေ ပါ

သလဲ။

Recovery Mode မှာ ပါဝင်တဲ့ Function တွေက

( ၂ ) မျိုးခွဲပြောမှ ပို ပြည့်စုံမှာပါ ။ ဘာကြောင့်လဲဆို

တော့ သူက Official Recovery နဲ့ Custom

Recovery ဆိုပြီး ( ၂ ) မျိုး ကွဲနေလို့ပါပဲ ။

Official Recovery မှာ ပါဝင်သော Function များ

1 – Reboot System now

2 – Apply update from ADB

3 – Apply update from SD card

4 – Wipe data/Factory reset

5 – Wipe cache partition

Custom Recovery မှာ ပါဝင်သော Function များ

1 – Reboot System now

2 – Apply update from SD card

3 – Wide data / factory reset

4 – wipe cache partition

5 – install zip from sdcard

6 – backup and restore

Back up

Restore

7 – +++Go Back+++

( 4 ) Recovery Mode မှာ ပါတဲ့ Function တွေက
ဘာတွေ အသုံးဝင်ပြီး ဘယ်လို အလုပ် လုပ်သ

လည်း Function ( 1 ) Reboot System now

ဒီ Function ကေတာ့ Recovery Mode

အခြေနေကနေ Reboot System now လို့

နှိပ်လိုက်တာနဲ့ Phone ဟာ Recovery Mode

ကနေထွက်ပြီး Home Screen ( or ) Normal

Mode အခြေနေကို တန်းရောက်စေသော

Function ပါ ။

Function ( 2 ) Apply update from ADB

ဒီ Function ကေတာ့ Apply update from ADB

လို့ နှိပ်လိုက်တာနဲ့ Phone ဟာ Recovery Mode

ကနေ adb သိစေသော adb sideload mode

အခြေနေကို ရောက်ပြီး PC တွင် adb devices

ဟုရိုက်သော် adb sideload ဟုပေါ်စေသော

Function ပါ ။ သူက ဘာတွေအသုံးဝင်သလည်း

ဆိုတော့ Huawei Firmware တွေမှာ တချို့ ဆို

Update.zip နဲ့ လာပါတယ် အဲ့ဖုန်းက

Memory Card မကောင်းဘူးဆိုပါစို့ အဲ့ဒီအခါ

Update.zip ကို PC ကနေပြီး တင်လို့ ရပါတယ် ၊

တချို့ UPDATE.APP Firmware တွေလည်း တင်

လို့ရပါတယ် ။ ဘာပဲပြောပြော ဒီ adb sideload

mode က Firmware တင်ရန်အသုံးဝင်တယ်ဆို

တာ တချို့ မသိသေးသူတွေအတွက် အသိအမြင်

တစ်ခုတိုးသွားတယ်ဆို ကျေနပ်ပါပြီဗျာ ။

update.zip = adb sideload update.zip

UPDATE.APP = adb sideload UPDATE.APP

Function

( 3 ) Apply update from SD card ဒီ Function

ကတော့ Recovery Mode ကေန Update.zip

ဆိုတဲ့ Firmware zip File ကို Firmware တင်လို့

ရတဲ့ Function ပါ ။ Apply update from SD

card — Choose zip from sdcard —

update.zip ကိုရွေးလိုက်ယုံနဲ့ Firmware Install

တာတွေ့မြင်ရမှာ ဖြစ်ပါတယ် ။

Function

( 4 ) Wipe data/Factory reset

ဒီ Function ကေတာ့ Phone တစ်လုံးဟာ စက်အ

ရမ်း လေး နေတာပဲဖြစ်ဖြစ် ၊ ဟန်းနေလို့ ပဲဖြစ်ဖြစ် ၊

Game & Application တွေ Installation ကြာနေ

တာပဲဖြစ်ဖြစ် ၊ Internal Memory ပြည့်နေလို့

လိုခြင်တဲ့ Software တွေ ထပ်ထည့်လို့ မရတဲ့ အခါ

မျိုးမှာ Phone ကို စ၀ယ်လာတဲ့ ပုံစံမျိုးလို ပေါ့ပါးပြီး

သုံးရအဆင်ပြေအောင် Fastory Reset ချချင်တဲ့

အခါ အသုံးပြုလို့ ရအောင် ထားတဲ့ Wipe data/

Factory reset Function ပဲဖြစ်ပါတယ် ။တစ်ခု

သတိပြုရမှာက ဒီ Function ကိုအသုံးပြုမယ်ဆို

Customer ရဲ့ data အကုန်ပျက်သွားမယ်ဆိုတာ

ကြိုသိထားရပါမယ် ။ Internal Memory ထဲမှာ

ရှိတဲ့ data တွေအကုန်လုံးကို ဖျက်ချမှာဖြစ်လို့ပါပဲ ။

ဒါကြောင့် Fastory Reset မချခင် Customer ကို

အရင်မေးကြည့်ပါ အရေးတကြီး Backup ယူစရာ

ရှိ မရှိ ။ ရှိတယ်ဆို ကြိုယူထားပါ ၊မရှိဘူးဆိုရင်

တော့ Fastory Reset ချလိုက်ပါ ဒါဆို အဆင်ပြေ

ပါပြီ ။ Function ( 5 ) Wipe cache partition

ဒီ Function ကေတာ့ Phone ရဲ့ နောက်ကွယ်မှာ

Run တာတွေကို ရှင်းပေးတဲ့ Function ပါ ၊

စက်ဟန်းနေရင် အနည်းငယ် ပေါ့စေသော

Function ဆိုလည်းမမှားပါဘူး ။

Function

( 6 ) Backup and Restore ဒီ Function ကိုအသုံး

ပြုဖို့အတွက် မိမိ Phone ဟာ CWM

( Custome Recovery ) တင်ထားမှသာ အသုံးပြု

နိုင်မှာ ဖြစ်ပါတယ် ။ Phone အတွင်းမှ Rom တစ်ခု

လုံးကို Backup ကြိုယူထားနိုင်သလို လိုအပ်တဲ့အ

ခါ Phone အတွင်းသို့ Rom ကို Restore ပြန်လုပ်

နိုင်သော Function ပါ ။ ဒီလောက်ဆို

Recovery Mode ကနေ ဘာတွေအသုံးဝင်ပြီး

ဘယ်လိုအသုံးပြုရမယ် ဆိုတာ အနည်းငယ်တော့

သိလောက်မယ်ထင်ပါတယ် ကျန်တဲ့ အသုံးဝင်ပုံ

လေးတွေလည်း ရှိပါသေးတယ် အခါအခွင့် သင့်တဲ့

အခါ တင်ပေးပါအုံးမယ်ခင်ဗျာ ။




          အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ။


No comments:

Post a Comment


Microsoft Office 2019 v16.0 [Full Version] (x86x64) Office တွေကို အသုံးပြုသူများအတွက် Microsoft Office 2019 ဗားရှင်းအသစ်ထွက်လေးကို တင်...