Laptop အချင်းချင်း .. ဘယ်လို ချိတ်ဆက်မလဲ ??
Internet ဘယ်လို Share မလဲ
သိပြီးသားလူတွေအတွက် တော့ဘာမှအရေးမပါတဲ့
Post တစ်ခုပါပဲ ... ဒီ Post မှာကတော့ Laptop
တွေအချင်းချင်း Wireless နဲ့
ဘယ်လိုချိတ်ကြမလဲဆိုတာ ကိုပြောပြပေးမှာပါ ။
အခု Laptop နှစ်လုံးဖွင့်လျက်ရှိနေတယ်ဆိုကြပါစို့  ..
၁ ။ တစ်လုံးကိုအရင်သွားပြီး .. taskbar ရဲ့ညာ
ဘက်ထောင့် နာရီဘေးက Wireless ပုံကို
Right Click ထောက်ပြီး Open Network And
Sharing Centre ကို နှိပ်လိုက်ပါ ...
(Wireless တွေကို ဖွင့်ထားပြီးသားဖြစ်ရပါမယ်)
၂ ။ Setup A New Connection Or Network
ကိုထပ်နှိပ်ပါ
၃ ။ Choose A Connection Option ရောက်ရင်
Scroll နှိပ်ပြီးအောက်ဆွဲချပါ
Setup A wireless ad hoc
(computer-to-computer) Network ကိုနှိပ်ပါ ..
၎ ။ ပြီးရင် Next နှိပ်ပြီး Network အတွက်ကြိုက်ရာ
Name တစ်ခုပေးပါ .. Password ထားမယ်ဆိုရင်
Security Key မှာ Password ပေးလိုက်ပါ
အနည်းဆုံး ၈ လုံးပေးရပါတယ်.
Password မပေးချင်ရင်တော့ security Type
နေရာမှာတစ်ချက်နှိပ်ပြီး .. No Authentication
(Open) ကိုရွေးလိုက်ပါ .. ပြီးရင် Next နှိပ်လိုက်ရင်
Network ကို Creating လုပ်နေပါပြီ ..
Ready to use ဆိုရင်တော့ နောက်
စက်တစ်လုံးကိုသွားပြီး Wireless ပုံလေးမှာ
left-Click တစ်ချက်နှိပ်လိုက်ပြီး ..
စောစောကထောင်ခဲ့တဲ့ Network ကို Join လို
့ရပါပြီ ................
အခုဆိုရင် Network နှစ်ခုမိနေပြီဖြစ်တဲ့အတွက်
Dota တွေ General တွေ ဆော့လို့ရနေပါပြီ ..
ဒါပေမယ့် မကျေနပ်သေးပါဘူး .. သူငယ်ချင်းရဲ့
ဖုန်းကနေရနေတဲ့ အင်တာနက်လိုင်းကို
Laptop တွေအားလုံးက စုပြုံပြီး သုံးချင်ပါသေး
တယ် .. အိုကေ ရပါတယ် .. တစ်ခုတော့ရှိတယ် ..
USB ကနေ Join ထားပြီး . USB Tethering နဲ
့သုံးနေမှရပါမယ် .
(LAN Cable နဲ့ ရနေတဲ့အင်တာနက်ဆိုလဲရပါ
တယ်)
၁ ။ အင်တာနက်ရနေတဲ့ laptop မှာသွားပြီး ..
Window+ r ကိုနှိပ် Run ကိုခေါ်လိုက်ပါ ..
၂ ။ ncpa.cpl လို့ ရိုက်ပါ .. ပေါ်လာရင်
၃ ။ internet မိနေတဲ့ connection ကို
Right-Click ထောက်ပြီး Properties ထဲဝင်ပါ ..
အပေါ်ဘားက Sharing ကိုနှိပ်ပါ ..
Allow other network users to connect
through this computer's internet
connection ကို အမှန်ခြစ်ပေးလိုက်ပါ ..
(တစ်ချို့ Sharing တွေ 64-bit မှာဆိုဘယ်
networkကို share မလဲဆိုတာပါထပ်ပြီး ရွေးပေးရ
ပါတယ် .. ဒါဆိုရင် wireless Network
connection ကိုထပ်ရွေးပေးရမှာပါ)
ဒါဆိုရင် အိုကေသွားပါပြီ ...
ကျေးဇူးတင်ပါတယ်
Thursday, March 16, 2017
Laptop အချင်းချင်း .. ဘယ်လို ချိတ်ဆက်မလဲ ?? Internet ဘယ်လို Share မလဲ
Subscribe to:
Post Comments (Atom)
Microsoft Office 2019 v16.0 [Full Version] (x86x64) Office တွေကို အသုံးပြုသူများအတွက် Microsoft Office 2019 ဗားရှင်းအသစ်ထွက်လေးကို တင်...
-
 Yangon Bus Service ================ ခရီးသွားပြည်သူများအဆင်ပြေသွားလာနိုင်ရန် စေတနာဖြင့်ကူညီပေးခြင်းဖြစ်ပါသည် ။ **********************...
-
ယာဉ်မောင်းလိုင်စင် ရေးဖြေမှာမေးတဲ့ မေးခွန်းပုံစံ တွေကို လေ့လာနိုင်ရန် တင်ပေးလိုက်ပါတယ်။ " ခ " လိုင်စင် ရေးဖြေမေးခွန်း " ဃ ...
-
Telenor SIM Card အဝင် Call ပိတ်ပြီး Internet ပဲသုံးချင်သူများ အတွက်တင်ပေးလိုက်ပါတယ်
No comments:
Post a Comment